International News

ယခုနှစ် ပထမ(၆)လအတွင်း ကွမ်ရှီး၏ နိုင်ငံခြားကုန်သွယ်မှုပြန်လည်တက်လာ

Last Updated:

ယခုနှစ် ပထမ(၆)လအတွင်း ကွမ်ရှီး၏ နိုင်ငံခြားကုန်သွယ်မှုမှာ ယွမ်ငွေ (၂၁၈.၀၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၁၇ဘီလီယံ) ရရှိခဲ့ပါသည်။ ၎င်းပမာဏမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၄.၁) ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း လွန်ခဲ့သည့် (၅) လနှင့် နှိုင်းယှဉ်ပါ က ကျဆင်းမှုနှုန်း (၃.၉) ရာခိုင်နှုန်း ကျုံ့လာသည်ကို တွေ့ရပါသည်။ ဇွန်လအတွင်း စုစုပေါင်းသွင်းကုန်ပို့ကုန်ပမာဏမှာ ယွမ်ငွေ (၄၁.၈၆) ဘီလီယံရရှိခဲ့ပြီး၊ (၁၆.၉) ရာခိုင်နှုန်းတိုးတက်ခဲ့ကာ၊ တစ်လချင်းအလိုက် တိုးတက်မှုနှုန်းမှာ (၂.၈) ရာခိုင်နှုန်းတိုးတက် လာခြင်းဖြစ်ပါသည်။

ယခုနှစ်ပထမ (၆) လအတွင်း နယ်စပ်ကုန်သွယ်ရေးတွင် ကျဆင်းမှုများနည်းလာခဲ့ပါသည်။ အကောက်ခွန်ကြီးကြပ်မှုအောက်တွင် ရှိသည့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြုပြင်ထုတ်လုပ်သည့်ကုန်သွယ်ရေးတို့တွင် တိုးတက်မှုခိုင်မာစွာအရှိန်အဟုန်ရလာပြီး၊ ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် ဖွံ့ဖြိုးမှုအား ထိန်းထားနိုင်လျက်ရှိပါ သည်။  ထို့ပြင် ချုံးကျို၊ နန်နင်း၊ ဖန်ချန်းကန်ဆိပ်ကမ်းများ၏ ပို့ကုန်သွင်းကုန်တန်ဖိုးမှာ ထိပ်တန်း (၃) နေရာတွင် ထိန်းထားနိုင် ဆဲဖြစ်ပါသည်။ ၎င်းကာလအတွင်း ဗီယက်နမ်နှင့် ပို့ကုန်သွင်းကုန်တိုးတက်လာခဲ့ကာ၊ ဟောင်ကောင်နှင့် ပို့ကုန်သွင်းကုန်များ တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ပြီး အဆင့်မြင့်နည်းပညာကုန်ပစ္စည်းများ တင်ပို့တင်သွင်းမှုမှာ သိသာစွာတိုးတက်လာခဲ့ပါသည်။

ယခုနှစ်ပထမ (၆) လအတွင်း နိုင်ငံခြားကုန်သွယ်မှုတည်ငြိမ်ရေး၊ အဓိက ထုတ်လုပ်ရေးလုပ်ငန်းများ၏ ပို့ကုန်တင်ပို့မှုအား တည် ငြိမ်ရေး၊   အွန်လိုင်းပေါ်မှ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းများ အများအပြားတင်သွင်းမှု တိုးချဲ့ဆောင်ရွက်ပေး ခြင်း၊ နိုင်ငံခြားကုန်သွယ်မှုဘဏ္ဍာငွေကြေး ဆုံးရှုံးနိုင်ခြေအား ဖြေရှင်းပေးခြင်းတို့အတွက် အထူးအထောက်အကူပြုသည့် မူဝါဒများ ကို ချမှတ်ခြင်းတို့ဖြင့် နိုင်ငံခြားလုပ်ငန်းများကိုကူညီရန် ကွမ်ရှီးက အားထုတ်ကြိုးပမ်းနိုင်ခဲ့ကြောင်း ကွမ်ရှီးကူးသန်းရောင်းဝယ် ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Diao Weihongက ပြောကြားခဲ့ပါသည်။

နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး တိုးတက်လာစေရန် အနာဂတ် တွင် ကွမ်ရှီးဒေသအနေဖြင့် အဓိကကုန်ပစ္စည်းများနှင့် အဓိကလုပ်ငန်းများ၏ ပို့ကုန်သွင်းကုန်၊ နယ်စပ်ကုန်သွယ်ရေးမူဝါဒ ပေါင်း စည်းခြင်း၊ အပြည်ပြည်ဆိုင်ရာကုန်စည်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၊ တံခါးဖွင့်ပေးထားသော ဆောက်လုပ်ရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်တည်ဆောက်ရေးဟူသည့် ရှုထောင့် (၅) ရပ်အပေါ် အလေးပေးသွားမည်ဖြစ်ပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၄-၇-၂၀၂၀)

Category: International News